Thursday, June 24, 2010

Internet sharing ဘယ်လိုခွဲသုံးမလဲ

ကိုညီနေမင်း ဘလော့မှာ တွေ့လို့ ဝါသနာပါသူတွေ အတွက် ဖော်ပြပေး လိုက်ပါတယ်။ အင်တာနက် ရတဲ့နေရာမှ တင်မဟုတ်ပါဘူး။ network ရတဲ့နေရာ တိုင်းမှာစမ်း သပ်နိုင်ပါတယ်။ စိတ်ဝင်စားသူ တွေ စမ်းကြည့်နိုင်ပါတယ်။
(လုပ်နည်းကတော့ နဲနဲအဆင့်များပါတယ် . ကျွန်တော် ရှင်းပြတဲ့ အထဲမှာ လိုအပ်မှုများလဲ ရှိကောင်းရှိနေနိုင်ပါတယ် . network ပိုင်းမှာ professional တစ်ယောက်မဟုတ်တဲ့အတွက် တစ်ချို့နေရာလေးတွေမှာ လိုအပ်မှုများ ရှိနေနိုင်ပါတယ် .)
  • အင်တာနက် ခွဲယူသုံးစွဲဖို့ရာ နှစ်လုံးစလုံးမှာ Lan card ရှိဖို့လိုပါတယ် . ဒါက အလွယ်ကူဆုံး နည်းပါ . မူရင်းအလုံးက PC ဖြစ်ပြီး ခွဲယူသုံးမယ့်တစ်လုံးက notebook ဆိုလဲ ရပါတယ် . notebook မှာ wireless ပါထားပြီးသားပါ . ခွဲပုံခွဲနည်းလေးကို အောက်မှာ ပြပါ့မယ် .

ခွဲပေးမည့် မူရင်းအလုံး ကို ဘယ်လို setting ချမလဲ .

  • 95069518Start >> Setting >> Network Connections ကို သွားလိုက်ပါ . မိမိလက်ရှိသုံးနေသည့် wireless icon လေးကို တွေရမှာပါ . ခွဲပေးမယ့် အလုံးကနေ wireless ကို ဖွင့်လိုက်ပါ . ပြီးလျှင် Right click >> properties ကို ၀င်လိုက်ပါ .

29849228

  • Advance ကို ကလစ်လိုက်ပြီး ပုံထဲကအတိုင်း Allow other network user to connect through this computer’s internet connection ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ .
  • 76631989အဲ့လို အမှန်ခြစ်ပေးပြီးတာနဲ့ ပထမ wireless icon လေးဟာ အခုလို ပုံလေးပြောင်းသွားမှာပါ .
ပထမ တစ်လုံးက အင်တာနက် သုံးစွဲလို့ ရနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေဖြင့် ပထမအလုံးရဲ့ DNS ကို သိဖို့လိုအပ်ပါတယ် . အဲ့ဒါက ဒုတိယအလုံးမှာ ဖြည့်ရမှာမို့ပါ . wireless to wireless (notebook) မှာတော့ Notebook တော်တော်များများဟာ dns ကို auto config လုပ်ပေးပါတယ် . မလုပ်ပေးတော့လဲ လက်နဲ့ ရိုက်ထည့်ပေါ့ . တစ်ကယ်လို့ ဒုတိယတစ်လုံးက PC ဖြစ်နေပြီး lan card ဖြင့် ချိတ်လို့ DNS server address ကို မသိဘူး ဖြစ်နေတယ် . ဖြည့်မတတ်ဘူးဖြစ်နေရင် မခက်ပါဘူး . အောက်ကအတိုင်း ပထမတစ်လုံးရဲ့ dns address ကို ယူလိုက်ပါ .

configbr


nnmlink

ပထမတစ်လုံးကနေ Dns server address ဘယ်လိုယူမလဲ .

  • start>>>> run>>>cmd လို့ ရိုက်ထည့်ပြီး ipconfig /all လို့ ရိုက်ထည့်ပေးပါ
  • ပြီးရင် enter ခေါက်လိုက်ပါ .
  • အဲ့ဒီ့မှာ ယခုလက်ရှိ သုံးနေတဲ့ Ip ရဲ့ DNS လိပ်စာကို တွေ့ရမှာပါ . အဲ့ဒီ့တွေ့ရတာဟာ ကျွန်တော်တို့ ဒုတိယအလုံးမှာ ဖြည့်ထည့်ရမယ့် dns ပါ . ip address မတူပေမယ့် dns ကတော့ တူမှ ရပါမယ် . ဒါလေးတစ်ချက်ကို သတိထားမိဖို့ပဲ လိုတာပါ . ကျန်တာကတော့ သိပ်အရေးမကြီးပါဘူး . အခု ဒီမှာတော့ ကျွန်တော့် ip address နဲ့ dns ကို ကျွန်တော် photoshop နဲ့ ၀ါးပစ်လိုက်ပါတယ် . ဘာဖြစ်လို့လဲလို့ မေးရင်တော့ security အရပါ။
ကဲ အခု ပထမအလုံးရဲ့ dns ကိုလဲသိပြီဆိုရင် ဒုတိယအလုံးမှာ သွားဖြည့်မယ်ဗျာ . သွားဖြည့်တဲ့နေရာမှ တစ်ချက်ကလေး သတိထားပေးပါ .

setup04
ဒုတိယတစ်လုံးမှာ ဖြည့်ရမှာက

  • IP address = “192.168.0.1(ကဲဒီနေရာမှာ ပြောပြစရာရှိတာက . 192.168.0.1 ဆိုတာနဲ့ အဲ့ဒီ့ Private ip ကိုပဲ အသေ မတွက်ထားပါနဲ့ IP Address = “192.168.0.0” ကနေ “192.168.255.255” အထိ ဖြည့်ထည့်လို့ရပါတယ် . နောက်ဆုံးကဂဏန်းမှာ “0.0” ကနေ “255.255” အထိ ထည့်နိုင်ပါတယ်)
  • Subnet mask = “255.255.255.0” ဆြိုပီးထည့်ပါ မထည့်ချင်လဲ TAB ခုန်လိုက်တာနဲ့ auto ဖြည့်ပေးပါလိမ့်မယ် . မဖြည့်ပေးတော့လဲ ဖြည့်ထည့်လိုက်ပေါ့ .
  • Dns : –. — . — . — ကတော့ အပေါ်မှာ ပြထားတဲ့အတိုင်း ပထမတစ်လုံး ip ရဲ့ dns ကို ဖြည့်ပေးရမှာပါ ဘယ်လို dns ကို ရယူမလဲဆိုတာကိုလဲ ပြောပြထားပြီးပါပြီ .
  • အားလုံးပြီးရင်တော့ Ok ပေးလိုက်ပါ .
  • ကဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Wednesday, June 23, 2010

Desktop ပေါ်မှာ မြန်မာ Font မပေါ်တာကို ပေါ်ချင်ရင်

ကွန်ပျူတာမှာ မိမိတို့ process တွေ မှားဖြက်တာဘဲဖြစ်ဖြစ် programs တွေ ဖျက်မိတာဘဲဖြစ်ဖြစ် မိမိတို့ မြန်မာစာလုံးတွေနဲ့ folder တွေကို rename ပေးလို့ မရတာတို့ မြန်မာလို ပေးထားတဲ့ rename တွေ မပေါ်တော့တာတို့ ကြုံဖူးကြမှာပါ။ အခုလို ပြဿာနာမျိုးကြုံတွေ့ခဲ့ရင် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
လုပ်နည်း
1. မိမိတို့ computer ပေါ်မှာ Right click ပေးလိုက်ပါ။ properties ကို click လိုက်ပါ။


2. အောက်ပါအတိုင်း Appearance ကို click လိုက်ပါ။ Advanced ကိုထပ်ပြီ click လိုက်ပါ။


3. အထပ်ပါအတိုင်းလုပ်ပြီပြီဆိုရင်တော့ အောက်ပါအတိုင်း ကျလာတဲ့ Advanced Appearance box တစ်ခုထပ်ကျလာပါမည်။ Item အကွက်ထဲမှာ icon ကို ရွေးပြီ font ကို Zawgyi_One ကိုရွေးလိုက်ပါ။
ပြီရင် ok ပေါ့ ။

Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...

ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။

Internet Shortcut

Internet Shortcut ပြုလုပ်ခြင်း

သင့်အနေဖြင့် နေ့စဉ်အသုံးပြုနေကျ Website တစ်ခုအား သင့်၏ကွန်ပျူတာအတွင်း Shortcut ဖန်တီးထားလို့ရပါတယ်။ ဒီလိုဖန်တီးမှုဟာ အလွန်လွယ်ကူပေမယ့် လူသိနည်းပါတယ်။ ယခုကဲ့သို့ Shortcut ဖန်တီးထားခြင်းဖြင့် ထို Shortcut အား Double Click ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သင်မြင်တွေ့ချင်သော Homepage နှင့်တကွ Browser တက်လာမှာဖြစ်ပါတယ်။ ပထမဆုံးအနေဖြင့် Shortcut ပြုလုပ်ချင်သော Website လိပ်စာတစ်ခုကို ရှာဖွေထားရပါမယ်။ ဥပမာအားဖြင့် www.google.com လိုမျိုးပေါ့။ ထို Website အား စတင်ပြီး Shortcut ပြုလုပ်ပါမယ်။ ဒီလို Shortcut ပြုလုပ်ရာမှာ သာမန် Windows တွင် Shortcut ဖန်တီးသကဲ့သို့သာဖြစ်တာကြောင့် လွယ်ကူမြန်ဆန်စေပါတယ်။ ယခုလို သင်နှစ်သက်သော Website Address တစ်ခုကို ရပြီဆိုရင်တော့ ပထမဆုံးအနေဖြင့် ထိုလိပ်စာအား Right Click မှတစ်ဆင့် Copy ကူးယူထားရမှာပဲ

ဖြစ်ပါတယ်။ ထို့နောက် သင့်ကွန်ပျူတာ၏ Desktop ပေါ်တွင် Right Click နှိပ်ပြီး New မှတစ်ဆင့် Shortcut ကို ရွေးချယ်ပေးလိုက်ပါ။ ထိုအခါမှာ Create Shortcut Box ကျလာမှာဖြစ်ပြီး Type the location of the item: နေရာမှာ သင်အသုံး ပြုလိုသော Website Address ကို Paste လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ထို့နောက် Next ကို တစ်ချက်နှိပ်လိုက်ပါ။ ထပ်မံပေါ်ပေါက်လာတဲ့ Box ကို Finish ကို ရွေးချယ်ပေးလိုက်ပါက သင့်အနေဖြင့် Internet Shortcut တစ်ခုကို ရရှိသွားပြီပဲဖြစ်ပါတယ်။ ယခုလို လုပ်ဆောင်မှုဟာ လွယ်ကူပြီး သင့်အနေဖြင့် နောက်တစ်ကြိမ် ထို Shortcut ကို နှိပ်လိုက်ရုံဖြင့် သင့်အသုံးပြုလိုသော Home Page နှင့်တကွ Browser တက်လာမှာပဲ ဖြစ်ပါတယ်။ Desktop ပေါ်တွင် Shortcut ဖန်တီးမှုဟာ ယခုကဲ့သို့ Internet Address များအပြင် သင့်ကွန်ပျူတာအတွင်းရှိ အခြား Local Disk များ၊ File များကိုပါ ဖန်တီးယူနိုင်ပြီး ထိုသို့ဖန်တီးလိုပါက Browse မှတစ်ဆင့် သင့်ကွန်ပျူတာအတွင်းရှိ Shortcut ပြုလုပ်လိုသော File အား ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။

မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ....

မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ

ကျနော် ရေးတာတော. မဟုတ်ပါဘူး၊
လို လို မယ် မယ် ပေါ.။


ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို
စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။
ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း
ပြောပြရတော့မှာပေါ့ဗျာ။

ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ ••••
အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။
ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး
လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား
keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ
မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk
sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင်
ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ်
လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ်
အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့်
ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1
key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ
မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ်
ဟဟ)။

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော်
ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့
အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ
အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး
စမ်းကြည့်ပေါ့ဗျာ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။
ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင်
.. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ
..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်
ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End
process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ
ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး
ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို
ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို
ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end
process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ
အကောင်းဆုံးပါပဲ။

မိမိရဲ့Postတွေကိုတွေစလုံးအကြီးအသေးပြောင်းလို့ ရတဲ့ Code

ဒါလေးကတော့အားလုံးကြိုက်ကြမယ်လို့လည်းမျော်လင့်ပါတယ်၊မိမိရဲ့ဘလော့ကိုလာအားပေးကြတဲ့
သူငယ်ချင်းတွေကသူတိုအတွက်သင့်တော်သလို၊မိမိရဲ့Postတွေကိုတွေစလုံးအကြီးအသေးပြောင်းလို့
ရတဲ့ Code လေးပါ။အောက်မှာနမူနာနဲ့တကွ Code ပေးထားပါတယ်။

၁။dashboard>>>>>

၂။layout>>>>>

၃။add a page element>>>>>

၎။html/javascript>>>>>
စာလုံးပြောင်းရန်

အသေး
ပုံမှန်
+ကြီး
++ကြီး
+++ကြီး

Tuesday, June 1, 2010

သူငယ်ချင်းများအတွက် ဘလော့ခ် နောက်ခံဒီဇိုင်းများ

စုထားတဲ့ဟာလေးပါ.....
ကြိုက်တတ်ရင်တော့ ဒီမှာ ယူလိုက်ပါ...
ဘလော့ခ်သမားတိုင်း အတွက် လိုအပ်မယ်ထင်လို့ပါ