Thursday, June 24, 2010

Internet sharing ဘယ်လိုခွဲသုံးမလဲ

ကိုညီနေမင်း ဘလော့မှာ တွေ့လို့ ဝါသနာပါသူတွေ အတွက် ဖော်ပြပေး လိုက်ပါတယ်။ အင်တာနက် ရတဲ့နေရာမှ တင်မဟုတ်ပါဘူး။ network ရတဲ့နေရာ တိုင်းမှာစမ်း သပ်နိုင်ပါတယ်။ စိတ်ဝင်စားသူ တွေ စမ်းကြည့်နိုင်ပါတယ်။
(လုပ်နည်းကတော့ နဲနဲအဆင့်များပါတယ် . ကျွန်တော် ရှင်းပြတဲ့ အထဲမှာ လိုအပ်မှုများလဲ ရှိကောင်းရှိနေနိုင်ပါတယ် . network ပိုင်းမှာ professional တစ်ယောက်မဟုတ်တဲ့အတွက် တစ်ချို့နေရာလေးတွေမှာ လိုအပ်မှုများ ရှိနေနိုင်ပါတယ် .)
  • အင်တာနက် ခွဲယူသုံးစွဲဖို့ရာ နှစ်လုံးစလုံးမှာ Lan card ရှိဖို့လိုပါတယ် . ဒါက အလွယ်ကူဆုံး နည်းပါ . မူရင်းအလုံးက PC ဖြစ်ပြီး ခွဲယူသုံးမယ့်တစ်လုံးက notebook ဆိုလဲ ရပါတယ် . notebook မှာ wireless ပါထားပြီးသားပါ . ခွဲပုံခွဲနည်းလေးကို အောက်မှာ ပြပါ့မယ် .

ခွဲပေးမည့် မူရင်းအလုံး ကို ဘယ်လို setting ချမလဲ .

  • 95069518Start >> Setting >> Network Connections ကို သွားလိုက်ပါ . မိမိလက်ရှိသုံးနေသည့် wireless icon လေးကို တွေရမှာပါ . ခွဲပေးမယ့် အလုံးကနေ wireless ကို ဖွင့်လိုက်ပါ . ပြီးလျှင် Right click >> properties ကို ၀င်လိုက်ပါ .

29849228

  • Advance ကို ကလစ်လိုက်ပြီး ပုံထဲကအတိုင်း Allow other network user to connect through this computer’s internet connection ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ .
  • 76631989အဲ့လို အမှန်ခြစ်ပေးပြီးတာနဲ့ ပထမ wireless icon လေးဟာ အခုလို ပုံလေးပြောင်းသွားမှာပါ .
ပထမ တစ်လုံးက အင်တာနက် သုံးစွဲလို့ ရနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေဖြင့် ပထမအလုံးရဲ့ DNS ကို သိဖို့လိုအပ်ပါတယ် . အဲ့ဒါက ဒုတိယအလုံးမှာ ဖြည့်ရမှာမို့ပါ . wireless to wireless (notebook) မှာတော့ Notebook တော်တော်များများဟာ dns ကို auto config လုပ်ပေးပါတယ် . မလုပ်ပေးတော့လဲ လက်နဲ့ ရိုက်ထည့်ပေါ့ . တစ်ကယ်လို့ ဒုတိယတစ်လုံးက PC ဖြစ်နေပြီး lan card ဖြင့် ချိတ်လို့ DNS server address ကို မသိဘူး ဖြစ်နေတယ် . ဖြည့်မတတ်ဘူးဖြစ်နေရင် မခက်ပါဘူး . အောက်ကအတိုင်း ပထမတစ်လုံးရဲ့ dns address ကို ယူလိုက်ပါ .

configbr


nnmlink

ပထမတစ်လုံးကနေ Dns server address ဘယ်လိုယူမလဲ .

  • start>>>> run>>>cmd လို့ ရိုက်ထည့်ပြီး ipconfig /all လို့ ရိုက်ထည့်ပေးပါ
  • ပြီးရင် enter ခေါက်လိုက်ပါ .
  • အဲ့ဒီ့မှာ ယခုလက်ရှိ သုံးနေတဲ့ Ip ရဲ့ DNS လိပ်စာကို တွေ့ရမှာပါ . အဲ့ဒီ့တွေ့ရတာဟာ ကျွန်တော်တို့ ဒုတိယအလုံးမှာ ဖြည့်ထည့်ရမယ့် dns ပါ . ip address မတူပေမယ့် dns ကတော့ တူမှ ရပါမယ် . ဒါလေးတစ်ချက်ကို သတိထားမိဖို့ပဲ လိုတာပါ . ကျန်တာကတော့ သိပ်အရေးမကြီးပါဘူး . အခု ဒီမှာတော့ ကျွန်တော့် ip address နဲ့ dns ကို ကျွန်တော် photoshop နဲ့ ၀ါးပစ်လိုက်ပါတယ် . ဘာဖြစ်လို့လဲလို့ မေးရင်တော့ security အရပါ။
ကဲ အခု ပထမအလုံးရဲ့ dns ကိုလဲသိပြီဆိုရင် ဒုတိယအလုံးမှာ သွားဖြည့်မယ်ဗျာ . သွားဖြည့်တဲ့နေရာမှ တစ်ချက်ကလေး သတိထားပေးပါ .

setup04
ဒုတိယတစ်လုံးမှာ ဖြည့်ရမှာက

  • IP address = “192.168.0.1(ကဲဒီနေရာမှာ ပြောပြစရာရှိတာက . 192.168.0.1 ဆိုတာနဲ့ အဲ့ဒီ့ Private ip ကိုပဲ အသေ မတွက်ထားပါနဲ့ IP Address = “192.168.0.0” ကနေ “192.168.255.255” အထိ ဖြည့်ထည့်လို့ရပါတယ် . နောက်ဆုံးကဂဏန်းမှာ “0.0” ကနေ “255.255” အထိ ထည့်နိုင်ပါတယ်)
  • Subnet mask = “255.255.255.0” ဆြိုပီးထည့်ပါ မထည့်ချင်လဲ TAB ခုန်လိုက်တာနဲ့ auto ဖြည့်ပေးပါလိမ့်မယ် . မဖြည့်ပေးတော့လဲ ဖြည့်ထည့်လိုက်ပေါ့ .
  • Dns : –. — . — . — ကတော့ အပေါ်မှာ ပြထားတဲ့အတိုင်း ပထမတစ်လုံး ip ရဲ့ dns ကို ဖြည့်ပေးရမှာပါ ဘယ်လို dns ကို ရယူမလဲဆိုတာကိုလဲ ပြောပြထားပြီးပါပြီ .
  • အားလုံးပြီးရင်တော့ Ok ပေးလိုက်ပါ .
  • ကဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .

No comments:

Post a Comment