Wednesday, June 23, 2010

Internet Shortcut

Internet Shortcut ပြုလုပ်ခြင်း

သင့်အနေဖြင့် နေ့စဉ်အသုံးပြုနေကျ Website တစ်ခုအား သင့်၏ကွန်ပျူတာအတွင်း Shortcut ဖန်တီးထားလို့ရပါတယ်။ ဒီလိုဖန်တီးမှုဟာ အလွန်လွယ်ကူပေမယ့် လူသိနည်းပါတယ်။ ယခုကဲ့သို့ Shortcut ဖန်တီးထားခြင်းဖြင့် ထို Shortcut အား Double Click ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သင်မြင်တွေ့ချင်သော Homepage နှင့်တကွ Browser တက်လာမှာဖြစ်ပါတယ်။ ပထမဆုံးအနေဖြင့် Shortcut ပြုလုပ်ချင်သော Website လိပ်စာတစ်ခုကို ရှာဖွေထားရပါမယ်။ ဥပမာအားဖြင့် www.google.com လိုမျိုးပေါ့။ ထို Website အား စတင်ပြီး Shortcut ပြုလုပ်ပါမယ်။ ဒီလို Shortcut ပြုလုပ်ရာမှာ သာမန် Windows တွင် Shortcut ဖန်တီးသကဲ့သို့သာဖြစ်တာကြောင့် လွယ်ကူမြန်ဆန်စေပါတယ်။ ယခုလို သင်နှစ်သက်သော Website Address တစ်ခုကို ရပြီဆိုရင်တော့ ပထမဆုံးအနေဖြင့် ထိုလိပ်စာအား Right Click မှတစ်ဆင့် Copy ကူးယူထားရမှာပဲ

ဖြစ်ပါတယ်။ ထို့နောက် သင့်ကွန်ပျူတာ၏ Desktop ပေါ်တွင် Right Click နှိပ်ပြီး New မှတစ်ဆင့် Shortcut ကို ရွေးချယ်ပေးလိုက်ပါ။ ထိုအခါမှာ Create Shortcut Box ကျလာမှာဖြစ်ပြီး Type the location of the item: နေရာမှာ သင်အသုံး ပြုလိုသော Website Address ကို Paste လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ထို့နောက် Next ကို တစ်ချက်နှိပ်လိုက်ပါ။ ထပ်မံပေါ်ပေါက်လာတဲ့ Box ကို Finish ကို ရွေးချယ်ပေးလိုက်ပါက သင့်အနေဖြင့် Internet Shortcut တစ်ခုကို ရရှိသွားပြီပဲဖြစ်ပါတယ်။ ယခုလို လုပ်ဆောင်မှုဟာ လွယ်ကူပြီး သင့်အနေဖြင့် နောက်တစ်ကြိမ် ထို Shortcut ကို နှိပ်လိုက်ရုံဖြင့် သင့်အသုံးပြုလိုသော Home Page နှင့်တကွ Browser တက်လာမှာပဲ ဖြစ်ပါတယ်။ Desktop ပေါ်တွင် Shortcut ဖန်တီးမှုဟာ ယခုကဲ့သို့ Internet Address များအပြင် သင့်ကွန်ပျူတာအတွင်းရှိ အခြား Local Disk များ၊ File များကိုပါ ဖန်တီးယူနိုင်ပြီး ထိုသို့ဖန်တီးလိုပါက Browse မှတစ်ဆင့် သင့်ကွန်ပျူတာအတွင်းရှိ Shortcut ပြုလုပ်လိုသော File အား ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment