- အင်တာနက် ခွဲယူသုံးစွဲဖို့ရာ နှစ်လုံးစလုံးမှာ Lan card ရှိဖို့လိုပါတယ် . ဒါက အလွယ်ကူဆုံး နည်းပါ . မူရင်းအလုံးက PC ဖြစ်ပြီး ခွဲယူသုံးမယ့်တစ်လုံးက notebook ဆိုလဲ ရပါတယ် . notebook မှာ wireless ပါထားပြီးသားပါ . ခွဲပုံခွဲနည်းလေးကို အောက်မှာ ပြပါ့မယ် .
ခွဲပေးမည့် မူရင်းအလုံး ကို ဘယ်လို setting ချမလဲ .
- Start >> Setting >> Network Connections ကို သွားလိုက်ပါ . မိမိလက်ရှိသုံးနေသည့် wireless icon လေးကို တွေရမှာပါ . ခွဲပေးမယ့် အလုံးကနေ wireless ကို ဖွင့်လိုက်ပါ . ပြီးလျှင် Right click >> properties ကို ၀င်လိုက်ပါ .
- Advance ကို ကလစ်လိုက်ပြီး ပုံထဲကအတိုင်း Allow other network user to connect through this computer’s internet connection ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ .
ပထမတစ်လုံးကနေ Dns server address ဘယ်လိုယူမလဲ .
- start>>>> run>>>cmd လို့ ရိုက်ထည့်ပြီး ipconfig /all လို့ ရိုက်ထည့်ပေးပါ
- ပြီးရင် enter ခေါက်လိုက်ပါ .
- အဲ့ဒီ့မှာ ယခုလက်ရှိ သုံးနေတဲ့ Ip ရဲ့ DNS လိပ်စာကို တွေ့ရမှာပါ . အဲ့ဒီ့တွေ့ရတာဟာ ကျွန်တော်တို့ ဒုတိယအလုံးမှာ ဖြည့်ထည့်ရမယ့် dns ပါ . ip address မတူပေမယ့် dns ကတော့ တူမှ ရပါမယ် . ဒါလေးတစ်ချက်ကို သတိထားမိဖို့ပဲ လိုတာပါ . ကျန်တာကတော့ သိပ်အရေးမကြီးပါဘူး . အခု ဒီမှာတော့ ကျွန်တော့် ip address နဲ့ dns ကို ကျွန်တော် photoshop နဲ့ ၀ါးပစ်လိုက်ပါတယ် . ဘာဖြစ်လို့လဲလို့ မေးရင်တော့ security အရပါ။
- IP address = “192.168.0.1” (ကဲဒီနေရာမှာ ပြောပြစရာရှိတာက . 192.168.0.1 ဆိုတာနဲ့ အဲ့ဒီ့ Private ip ကိုပဲ အသေ မတွက်ထားပါနဲ့ IP Address = “192.168.0.0” ကနေ “192.168.255.255” အထိ ဖြည့်ထည့်လို့ရပါတယ် . နောက်ဆုံးကဂဏန်းမှာ “0.0” ကနေ “255.255” အထိ ထည့်နိုင်ပါတယ်)
- Subnet mask = “255.255.255.0” ဆြိုပီးထည့်ပါ မထည့်ချင်လဲ TAB ခုန်လိုက်တာနဲ့ auto ဖြည့်ပေးပါလိမ့်မယ် . မဖြည့်ပေးတော့လဲ ဖြည့်ထည့်လိုက်ပေါ့ .
- Dns : –. — . — . — ကတော့ အပေါ်မှာ ပြထားတဲ့အတိုင်း ပထမတစ်လုံး ip ရဲ့ dns ကို ဖြည့်ပေးရမှာပါ ဘယ်လို dns ကို ရယူမလဲဆိုတာကိုလဲ ပြောပြထားပြီးပါပြီ .
- အားလုံးပြီးရင်တော့ Ok ပေးလိုက်ပါ .
- ကဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .